Sunday, February 7, 2010

ထီးမှတ်၍ ခိုခြင်း သခင်ဆိုးကြီး (ကြွက်ဖြူရွာ)

ရဲနီမယ်တင်မြတို့ ပျပ်ဝပ်ကျိုးနွံနေပုံက ပိုးတွဲ ပလေကပ် ချည်ချော ဦးဂျမ်း ဂန့်ဂေါ လုံချည်အသစ်ထက်ပင် သာသေးတော့၏။ ဘုံဘ၀မှာဖြင့် ယုံကြပါအဟင့်ဟုပင် ချွဲနွဲ့ကလူ စာဖတ်သူကို အတင်းဖမ်းစားမတတ်။ အရေး အသားနှင့် ရပ်တည်ချက်တွေက နောင်လာနောက်သားတွေ လေးစားလောက်စရာဗျာတို့ရယ် ...။

သို့ကလို ဖြတ်သန်းမှုလည်းရှိ ရှင်ကြီးရှင်ငယ်ဝမ်းတွေထဲ လှည့်ပတ်ဝင်ပြီး၊ ၀င်ဆဲ၊ ၀င်ဦးမည့်သကာလတွင်ပင် တုတ်ကောင်လိုလို သံကောင်လိုလို ရမ်းတုတ်မှန်းတုတ် အသံကောင်းဟစ်ရင်း သခင်အားရ ကျွန်ပါးဝ လုပ် ပေါက်တွေနှင့် ရပ်လုံးရွာကျွတ် ဖွတ်ဖြစ်သထက်ဖြစ်ရေးကိုလည်း အနှီ ရဲနီမယ်တင်မြက လော်စပီကာကသိုင်း ဖြင့် တိုင်းနိုင်ငံကျော်အောင် ဟောပြောခွင့်များ ရလိုက်လျှင် ဒင်းက ဟဲလိုက်မည်မုချတန္တု ...။

ကြီးမှ ၀က်သက်ပေါက်တာ ၀က်ရူးလို့ ကျွန်ုပ် သခင်ဆိုးကြီး လူပျိုပေါက်ရယ်က အရပ်ထဲ နှပ်တွဲလွဲ ပုဆိုး ဟောင်းကွင်းသိုင်းကာ ရွာလယ်တာလမ်းပေါ် ခွေလှိမ့်ဆော့ကစားရင်း ပုလုကွေးများ အော်ဟစ်သီဆိုသွား သည်ကိုလည်း အပ်ချမတ်ချ သတိရမိပြန်တော့ပေ၏။

အနှီ ရဲနီမယ်တင်မြထက် ပို၍ မြှူချင်ကလူချင် ကြူချင်သူကလေးရယ်ကတော့ ရဲနီမယ်မိချမ်းအေး ဖြစ်တော့ သည်လည်းတမုံ့။ အရင်းကျမ်းကို ထမင်းကြမ်းထက် ပိုမိုခုံမက်ဖူး ဟူသတတ်။ မိချမ်းအေးတို့ အ၀င်အထွက်ဟူ မူ ကျွန်ုပ်သခင်ဆိုးကြီးတို့ လူပျိုပေါက်သမယ၀ယ်က မမကြီးတွေအထာနှင့် ပွတ်ကာသီကာ ခပ်ဆင်ဆင်ဖြစ်ပေ သည်လည်း ဟုတ်စကို ...။

ရူးရူးနှမ်းနှမ်းအရွယ်လည်း ဟုတ်ပါပဲဖြစ်သော်ငြား သူ့ခမျာ စူးစမ်းဆင်ခြင်မှုတွေ တိမ်ကောသွားပုံများရယ်က ကျွန်ုပ်တို့ ရွာဦးကျောင်း ကုဋီက သွပ်မစင်မြောင်းလို ဖြစ်ပါပကောလားဟု ကျွန်ုပ်သခင်ဆိုးကြီးခမျာ ကညွတ် ဆန်ပြုတ်စားပြီး သွားကြားထိုးရင်း နှလုံးသွင်းရတော့မလို လက်ပေါက်ဖြစ်ပြန်သေးတော့ ...။

သို့ပေသည့် အရင်းစစ်တော့ အမြစ်မြေကဟူသော ဆိုရိုးစကားကလည်း ရှိပေသေးသဖြင့် အနှီ ဘုရားမဖြစ် မည့် နောက်ချေးချပ်နှစ်ပုံ၏ ဖြစ်စဉ်အစမှ ပစ္စုပ္ပန်ယခုဝယ်အထိ အနုလုံပဋိလုံ နှလုံးသွင်းရာ၏။ လုပ်အားသည် ကုန်စည်စလှယ် ဖြစ်ပေတော့သကိုး ဆိုသည်မှအစချီ၍ လူတန်းစားကိစ္စနှင့် ဘောဂဗေဒသစ်အား ကားလမတ် ဟု အမည်ကင်ပွန်းသမုတ်သည့် ဘိလပ်နယ်မှပညာရှိကြီး ဟောပြောပြဆိုသည်မှစ၍ အီရတ်တိုင်းနှင့် အာဖဂန် တိုင်းတို့အား ရက်ရောပက်စက်စွာ Free done ပေးလိုက်တော်မူသော ဘုန်းတော်ကြီးမြတ်တော်မူလှသည့်ပြင် တိုင်းဌာနီပြည်မွဲအောင် စွမ်းစွမ်းတမံ ဆောင်ရွက်ရဲခဲ့သည့် အမေရိကန်နိုင်ငံမှ သမ္မတဟောင်းကြီး သီရိပျံချီ ဂျော့ရှ်ဒဗလျူဘုရှ်တို့၏ အဆိုအမိန့်များအထိ ထုံးလိုချေ ကွမ်းလိုထွေးနိုင်သော လူပညာရှိကြီးများရယ်ဟုပင် ကဗ္ပည်းတင်စာစပ် ရတုထပ်ရတော့အံ့ဟူသတတ်။

အနှီ ခေတ်ဆွေးကြီးမိုက် အဂတိလိုက်သော သတ္တ၀ါနှစ်ပါးအား သုံးလူ့ထွတ်ထား မြတ်ဘုရားသာ သက်ရှိထင် ရှား ရှိတော်မူဦးမည်ဆိုလျှင် မည်သို့မည်ပုံ ချွတ်တော်မူမည်ကို ကျွန်ုပ်သခင်ဆိုးကြီးအနေနှင့် အားတက်သရော
အရှင်ဟောသော တရားအမြိုက်အား မှားမိုက်သူကြီးများ မည်သို့နှလုံးသွင်းမည်နည်းကိုမူ မြင်လိုလှပေပြန် သေးတော့ ...။

ထိုထိုဤဤ ဖြစ်တည်ပျက်ယွင်း သင်္ခါရနှင့် ဘယ်ဝယ်တွင်မှ မကင်းသော စင်္ကြ၀ဠာကြီးတွင် ယူနီဗာ့စ်၊ မာလ် တီဗာ့စ်၊ ဘစ်ဘန်းသီအိုရီ၊ စထရင်းသီအိုရီ ... စသဖြင့် များမြောင်ထူထပ်လှသည့် အယူအဆများကြားရယ်က ဘယ်သူမျှမမီအောင် လူတတ်လုပ်ချင်သည့် တိုင်းဌာနီ မြန်မာပြည်အရပ်က ရဲနီကျော်ဝင်းဆိုသည်ကလည်း အနှီ နောက်ချေးချပ် နှစ်ပုံနည်းတူ ဟန်မူပုံပေး ရွှေရေးပန်းကန်တက်ပြန်သေး၏။

သဘာမတူ၊ ဇရာမတူ ဖြတ်သန်းမှုမတူသည်လည်း ဖြစ်ပေသမို့ ရဲနီကျော်ဝင်းမှာ နောက်ချေးချပ် မဖြစ်သော် ငြား ပျော့ပျော့နှင့်နံသော ကြောင်ချေးဘ၀ဖြင့် ချောင်ကလေးက ထထ နံသည်ကလည်း အထင်ကရ ...။

အနှီ လူ့အမှိုက်သုံးဦး၏ ရူးသွပ်မိုက်မဲမှုတို့အား ကျွန်ုပ်သခင်ဆိုးကြီးနှင့် မည်သို့မျှ မပတ်သက် မည်သည့်အခါ ကမျှ ရွှေဂဟေမဆက်ခဲ့ဖူးသည့် မယ်ဆောင်တို့ ဘဘကြီး သွားလေသူ သခင်စိုးကြီးက ရဲနီမယ်နှင်းမြိုင်နှင့် ရဲနီ ကျော်ဝင်းတို့ လက်နက်ချသောအခါသမယ၀ယ် ထုတ်ပြန်ကြေငြာခဲ့သော ကြေငြာချက်ခေါင်းစည်းကဲ့သို့ပင် စိတ်ကူးဖြင့် ဆင်ခြင်မိသည်မှာကား .... ရဲနီမယ်တင်မြ၊ ရဲနီမယ်မိချမ်းအေးနှင့် ရဲနီကျော်ဝင်းတို့သည် သန်းရွှေ ၏ -ီးအား ‘ထီးမှတ်၍ ခိုခြင်း’ ဟု ဖြစ်ပေတော့သည်တမုံ့ ...။

သခင်ဆိုးကြီး (ကြွက်ဖြူရွာ)

အပြည့်အစုံသို့...

ပြန်ခေါက်ထားပါ...

Labels:

Thursday, February 4, 2010


မြန်မာ့ပျားရည်သည် ဂျပန်နိုင်ငံ နှင့် အိန္ဒိယဈေးကွက်တို့တွင် မျက် နှာပန်းလှနေခြင်းအကြောင်းမှာ အရည်အသွေး ကောင်းမွန်ခြင်းကြောင့် ဖြစ်သည်ဟုဆိုသည်။ ပျားမွေးမြူရေး လုပ်ငန်းမှထုတ်လုပ်သည့် မြန်မာ့ပျား ရည်သည် ပြည်ပမှဝယ်လိုအား များ ပြားသလို သဘာဝအလျှောက်ရရှိသည့် ပျားအုံမှရသော ပျားရည်သည်လည်း ပြည်တွင်း၌ စားသုံးမှုများပြားကြောင်း သိရသည်။ ပြည်တွင်း၌ စားသုံးမှု များပြားလာသလို၊ ဈေးနှုန်းမြင့်မား ကာ ဈေးကွက်ရှိနေသည်ကိုလည်း တွေ့ရသည်။
ဒေသအလိုက် ပျားဖွပ်သမား များအဖို့လည်း တစ်နေ့စာအတွက် ဝမ်းစာဖူဖူလုံလုံရရှိစေသည်။ ပျားတစ် အုံတွေ့လိုက်ပါက ပျားသလက်ကိုပါ ရောင်းစားရပြီး ပျားရည်ရောင်းရငွေ သည် လက်ရှိပေါက်ဈေးအရ တစ် ဆယ်ကျပ်သား ၁၅ဝဝ ကျပ်မှ ၂ဝဝဝ ကျပ်အထိ ရရှိနိုင်ပေသည်။ ထို့ ကြောင့် မြန်မာစကားပုံတွင် 'ခလုတ် ထိတော့ အမိတ၊ ပျားရတော့ မယား ဖို့'ဟု ဆိုရိုးစကားရှိခဲ့သည်။ ပျားရည် နှင့်ပတ်သက်၍လည်း 'ပျားလည်းစွဲ သာ ရှဥ့်လည်းလျှောက်သာ၊ ပျားရည် နှင့်ဝမ်းချသည်၊ စားရကံကြုံတော့ မုတ်ဆိတ် ပျားစွဲ၊ ပျားကိုပုံပြု ပညာ ဥစ္စာစု' စသည်ဖြင့် တွေ့ရသည်။
ပျားရည်ပေါများသည့် သီတင်း ကျွတ်၊ တန်ဆောင်မုန်းလတို့တွင် ပျားဖွပ်သမားများ၊ ပျားရှာသမား တို့သည် တောအနှံ၊ တောင်အနှံ့ခြေ ရာချင်းထပ်လောက်အောင် များလှ သည်။ ယမန်နှစ်ကထက် ယခုနှစ် တွင် ပျားရည်ပိုရှာရသည်ဟု သိရ၏။ နောက်မိုးကောင်းသောကြောင့် သစ်ပင် ခြုံကြီးများပေါသည့်အတွက် ပျားစွဲ ကြခြင်းဖြစ်သည်ဟု ပျားဖွပ်သမား တို့က ပြောပြကြသည်။

ပျားရည်၏အသုံး
စာရေးသူတို့ အညာမြေလတ် ဒေသတွင် အုံပျားရည်နှင့် သစ် ခေါင်းပျားရည်ဟူ၍ နှစ်မျိုးရှိရာ၊ အုံပျားရည်ထက် သစ်ခေါင်းပျားရည် က ဈေးပိုကောင်းကြောင်း သိရသည်။ လက်ရှိပေါက်ဈေးအရ အုံပျားရည် တစ်ဆယ်ကျပ်သား ၁၅ဝဝ ကျပ်၊ သစ်ခေါင်းပျား၊ မြေအောင်းပျားရည် သည် တစ်ဆယ်ကျပ်သား ၂၅ဝဝ ကျပ်မှ ၃ဝဝဝ ကျပ် အထိရှိသည်။ ပျားရည်စစ်စစ်များဖြစ်ပေသည်။ ပျားရည်ကို သွားရေစာ တစ်မျိုးအဖြစ် စားသုံးခြင်းမဟုတ်ပါ။

ပျားရည်ကို ဆေးဘက်ဝင်သည့် ပစ္စည်းတစ်မျိုး အဖြစ် အသုံးပြုကြသည်။ အသက် အရွယ်ကြီးသူများ၊ ဆရာတော်ကြီး များအတွက် ကျန်းမာရေးသုံး၊ ဆေး ဘက်ဝင်ပစ္စည်းအဖြစ် မရှိမဖြစ် ဆောင်ထားလေ့ရှိကြပြီး၊ လိုအပ်သ လို စားသုံးကြသည်ကိုတွေ့ရ၏။ မြန်မာ့ပရဆေးတွင်လည်း ပျားရည် ကို ဆေးဘက်ဝင်ပစ္စည်းတစ်မျိုး အဖြစ် အသုံးပြုကြသည်။ စာရေးသူ တို့ကိုယ်တိုင်ပင်လျှင် မိသားစုကျန်း မာရေးအတွက် ပျားရည်စစ်စစ်ကို အမြဲဆောင်ထားလေ့ရှိ၏။ ယာတော တွင် အလုပ်များသောကြောင့် အလွန် ပင်ပန်းနွမ်းနယ်နေပါကလည်း ပျား ရည်နှင့် သံပရာရည်ကို ရောစပ် သောက်သုံးလိုက်ပါက အလွန်လျှင် မြန်စွာခုန်နေသော နှလုံးသည် ပုံမှန် လည်ပတ်စေကာ အမောပြေသည်ကို ကိုယ်တွေ့ဖြစ်ပါသည်။ ကာယအား ဖြင့် စိုက်ထုတ်ရသော တောင်သူ တစ်ဦးအတွက် လက်တွေ့ အမောပြေ ဆေးဖြစ်ပါသည်။ မြန်မာ့ပျားရည်သည် ဂျပန်နိုင်ငံ နှင့် အိန္ဒိယဈေးကွက်တို့တွင် မျက် နှာပန်းလှနေခြင်းအကြောင်းမှာ အရည်အသွေး ကောင်းမွန်ခြင်းကြောင့် ဖြစ်သည်ဟုဆိုသည်။ ပျားမွေးမြူရေး လုပ်ငန်းမှထုတ်လုပ်သည့် မြန်မာ့ပျား ရည်သည် ပြည်ပမှဝယ်လိုအား များ ပြားသလို သဘာဝအလျှောက်ရရှိသည့် ပျားအုံမှရသော ပျားရည်သည်လည်း ပြည်တွင်း၌ စားသုံးမှုများပြားကြောင်း သိရသည်။ ပြည်တွင်း၌ စားသုံးမှု များပြားလာသလို၊ ဈေးနှုန်းမြင့်မား ကာ ဈေးကွက်ရှိနေသည်ကိုလည်း တွေ့ရသည်။
ဒေသအလိုက် ပျားဖွပ်သမား များအဖို့လည်း တစ်နေ့စာအတွက် ဝမ်းစာဖူဖူလုံလုံရရှိစေသည်။ ပျားတစ် အုံတွေ့လိုက်ပါက ပျားသလက်ကိုပါ ရောင်းစားရပြီး ပျားရည်ရောင်းရငွေ သည် လက်ရှိပေါက်ဈေးအရ တစ် ဆယ်ကျပ်သား ၁၅ဝဝ ကျပ်မှ ၂ဝဝဝ ကျပ်အထိ ရရှိနိုင်ပေသည်။ ထို့ ကြောင့် မြန်မာစကားပုံတွင် 'ခလုတ် ထိတော့ အမိတ၊ ပျားရတော့ မယား ဖို့'ဟု ဆိုရိုးစကားရှိခဲ့သည်။ ပျားရည် နှင့်ပတ်သက်၍လည်း 'ပျားလည်းစွဲ သာ ရှဥ့်လည်းလျှောက်သာ၊ ပျားရည် နှင့်ဝမ်းချသည်၊ စားရကံကြုံတော့ မုတ်ဆိတ် ပျားစွဲ၊ ပျားကိုပုံပြု ပညာ ဥစ္စာစု' စသည်ဖြင့် တွေ့ရသည်။
ပျားရည်ပေါများသည့် သီတင်း ကျွတ်၊ တန်ဆောင်မုန်းလတို့တွင် ပျားဖွပ်သမားများ၊ ပျားရှာသမား တို့သည် တောအနှံ၊ တောင်အနှံ့ခြေ ရာချင်းထပ်လောက်အောင် များလှ သည်။ ယမန်နှစ်ကထက် ယခုနှစ် တွင် ပျားရည်ပိုရှာရသည်ဟု သိရ၏။ နောက်မိုးကောင်းသောကြောင့် သစ်ပင် ခြုံကြီးများပေါသည့်အတွက် ပျားစွဲ ကြခြင်းဖြစ်သည်ဟု ပျားဖွပ်သမား တို့က ပြောပြကြသည်။

မိမိက ချဲ့လျှင် ချဲ့သလို၊ နှမ်း ဆီစစ်စစ်၊ ဖြစ်နိုင်ပါက နှမ်းနက်ဆီ စစ်စစ်၊ သံပရာသီး တစ်လုံး၊ ကြက်ဥ တစ်လုံး(တောကြက်ဥ)၊ ပျားရည်စစ် စစ်တို့ကို ရောစပ်ခလောက်ကာ သောက်လိုက်ပါက စွမ်းအားပြည့် မြန်မာ့အားဆေးဖြစ်ပါသည်။ သံပရာ သီးမပါဘဲ အားဆေးအဖြစ်လည်း ပျားရည်၊ ကြက်ဥ၊ နှမ်းဆီ၊ ထော ပတ်၊ ငှက်ပျောဖီးကြမ်းမှည့်မှည့် ရောစပ်စားပါကလည်း မြန်မာ့ဂျင် ဆင်အားဆေးမှ အားဆေးရယ်ပါ။

တစ်ဖန် ပျားရည်နှင့် နနွင်း၊ နနွင်းခါး၊ ပျားရည်နှင့် ဆင်တုံးမနွယ်၊ ပျားရည်နှင့် သံပရာရည်တို့ကို ရော စပ်စားသုံးလေ့ရှိကြသည်။ စာရေးသူ သည် လွန်ခဲ့သောအနှစ် ၃ဝ ခန့်က အနောက်ရိုးမတောင်ခြေ၊ ပနီဇုန် ချောင်းဘေးရှိ၊ မကွေးတိုင်း၊ မင်းလှ မြို့နယ်၊ လက်ပန်တံခါးရွာ တွဲဖက် အလယ်တန်းကျောင်း စတင်တည် ထောင်ခဲ့စဉ်က ချင်းအမျိုးသမီး ဆရာမဒေါ်မိုးမိုးဆမ်း၊ ခလိုင်း-ဂွေး ချောင်းမှ ကျောင်းဆရာ ကိုနိုင်၊ ဈေးကွက်ရေးဖော်သူငယ်ချင်း ဦးမြင့် သန်း(မကွေးမြင့်သန်း)တို့နှင့်အတူ ကျောင်းဆရာအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ဖူးရာ ပနီချောင်း၊ မင်းတုန်း ချောင်းတို့ စီးဆင်းရာ အနောက်ရိုးမ တောင်ခြေရွာများကို ယနေ့တိုင် မမေ့ နိုင်ပါ။ ထိုစဉ်က စာရေးသူသည် ပြည်သူ့စစ်ခေါင်းဆောင် ဦးရာဆိုင်၊ ဦးစူတို့နှင့် ရိုးမတောင်ပေါ်သို့ ဗဟု သုတအဖြစ် တက်ခဲ့ရာတွင် ပျားရည် နှင့် ထမင်းပူပူရောစပ်စားသောက်ခဲ့ ရသည်ကို ယနေ့တိုင် မမေ့နိုင်ပါ။ ပျားရည်စစ်စစ်နှင့် ထမင်းပူပူရော စပ်ကာစားရသည်မှာ အလွန်အရသာ ထူးလှပါသည်။ ပျားရည်စားသုံးမှု အကြောင်း ပြောလိုခြင်းဖြစ်ပါသည်။ ယခုထက်တိုင် ပျားရည် ပေါ်ချိန်တွင် ပျားသလက်နှင့် ကြက်ဥ ရောစပ်ကာ ကြော်ပြီးစားသောက်ခြင်း၊ ပျားရည် နှင့် ထမင်းရောစပ်စားခြင်းမှာ တော ဓလေ့တစ်ခုလို ဖြစ်နေပါတော့သည်။

ပန်းသီးနှင့်ပျားရည်
ပျားရည်စားသုံးမှုနှင့် ပတ်သက် ၍ ဆရာတော်ကြီးတစ်ပါး၏ ထူးထူး ခြားခြားပျားရည်ကို ဆေးအဖြစ်မှီဝဲ မှုပြောပြလိုပါသည်။ စာရေးသူတို့ မကွေးတိုင်းအတွင်း ရွှေနတ်ကယ် တောင် ဆရာတော်ကြီးသည် သာသနာပြုဆရာတော်ကြီးတစ်ပါး အဖြစ် မကွေး၊ နတ်မောက်၊ မြို့သစ်၊ ရန်ကုန်၊ မန္တလေး စသည် အနယ် နယ်အရပ်ရပ်တွင် ထင်ပေါ်ကျော်စော လှပါသည်။ ပျော်ဘွယ်၊ မင်းကြိုက် ဘုရား၊ နတ်မောက်မြို့နယ်၊ နမ်မြင့် ဘုရား၊ မကွေးမြို့နယ်၊ ကြာကန် ရွာဦး(ပြေလည်အေး) ဆုတောင်းပြည့် ဘုရား၊ နတ်မောက်မြို့၊ မဟာမြတ် မုနိဘုရားတို့ကို ဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် ရှေးဟောင်းဘုရား စေတီတော်များကို ပြန်လည်ပြုပြင် မွမ်းမံလျက်ရှိရာ အထူးအောင်မြင်ပြီး ဖူးတွေ့ရသူတိုင်း ကြည်ညိုမဆုံးနိုင် ကြပါ။ မကွေး၊ နတ်မောက်၊ ရွာ မွန်၊ ပျော်ဘွယ်သွားလမ်း၊ နေပြည် တော်သွားလမ်းဘေး ရွာမွန်အကျော် တွင် ရွှေနတ်ကယ်တောင်ရှိ ဘုရား များကို အသစ်တည်ထားကိုးကွယ် လျက်ရှိပါသည်။

ဆရာတော်ကြီးထံသို့ စာရေး သူတို့ ကြာကန်ရွာမှ ကိုမာ၏ကားဖြင့် ဘုရားဖူးလိုက်ခဲ့ရာ ဆရာတော်ကြီးက ထူးထူးခြားခြားပင် ပျားရည်စစ်စစ် နှင့် ရောနယ်ထားသော ပန်းသီးဖြင့် ဧည့်ခံပါသည်။ ဆရာတော်ကြီး၏ ကျောင်းတွင် ဒေသခံရွာများမှ ဘုရား ဖူးလာကြသူများကလည်း ဆရာတော် နှစ်ခြိုက်လေ့ရှိသည့် ပျားရည်ကို ပျား ရည်ဆွမ်းအဖြစ် လာရောက်လှူလေ့ ရှိကြသည်။ ပန်းသီးများပေါများချိန် ဖြစ်ရာ၊ ပန်းသီးနှင့် ပျားရည်မှာ စား၍ အရသာရှိလှသည်။ ပျားရည်၏ မွှေး ကြိုင်သော ရနံ့၊ ပန်းသီး၏ရနံ့နှင့် ပေါင်းစပ်ပြီး အရသာမှာလည်း ပန်းသီးအရသာနှင့် ပျားရည်အရသာ နှစ်ပါးရောစပ်ထားခြင်းကြောင့် ပင် ပန်းနွမ်းနယ်မှုကိုပျောက်စေပါသည်။ ပန်းသီးအခွံနွှာပြီး ဓားဖြင့် အစိတ် များပြုလုပ်ထားသည်။ ပျားရည်နိုင် နိုင်ဖြင့် ရောထားသည်ကို စားခဲ့ရ သည်။

ဆရာတော်ကြီး ကိုယ်တိုင်လည်း ပန်းသီးနှင့် ပျားရည်ကို မပြတ်ဘုဉ်း ပေးလေ့ရှိပါသည်။ တစ်ခါဘုဉ်းပေး ပါမှ တစ်ဇွန်း၊ နှစ်ဇွန်းခန့်သာ။ ပန်း သီးသည် နှလုံးရောဂါရှိသူများ၊ သွေး တိုးရောဂါရှိသူများ၊ မရှိသေးသောသူ များလည်း ထိုရောဂါမှ ကာကွယ်စေ နိုင်သည်ဟုဆိုသည်။ ပျားရည်နှင့် တေစားပါက ဆိုဖွယ်ရာမရှိတော့ပြီ။ ပန်းသီးနှင့် ပျားရည် ရောစပ်ကာ ထားသည်ကို မြင်ခဲ့ရသော စာရေး သူပင် သွားရည်ယိုမိပါသည်။
အစာလည်းဆေး၊ ဆေးလည်း အစာဖြစ်ပေရာ ကျန်းမာရေးအတွက် ပျားရည်၏အသုံးဝင်ပုံကို ဖော်ပြခြင်း ဖြစ်ပါသည်။

ပျားရည်နှင့်အမဲခြောက်
သန့်ရှင်းလတ်ဆတ်သော အမဲ သားကောင်းကောင်းကို အညှင်းပြု လုပ်ကာ နေပူတွင် အခြောက်ထားပြီး၊ ခြောက်သောအခါ ငရုတ်ဆုံတွင် ထု ထောင်းကာ ပျားရည်စစ်စစ်နှင့် ရော စပ်စားပါက အားဖြစ်စေသည်ဟု မြန်မာ့တိုင်းရင်းဆေး ဗိန္ဓောဆရာများ ကဆိုပါသည်။ ရွာမှ ဆရာဦးသောင်း ရွှေ(ဗိန္ဓော)ဆရာကလည်း ''ဟာ... ကိုကြီးရ တချို့ကပြောကြတယ်။ အမဲသားနဲ့ ပျားရည်မတည့်ဘူးတဲ့။ အမဲခြောက်နဲ့ ပျားရည်ကတည့် တယ်။ အားနည်းတဲ့ လူနာအားရှိ အောင် ကျွန်တော်ကိုယ်တိုင် လူနာကို ကျွေးဖူးတယ်''ဟု ပြောပြဖူးပါသည်။

မှန်ပါသည်။ နေရောင်ခြည်ဖြင့် ကင်ထားသော အမဲခြောက်နှင့် ပျားရည်ရောစပ်ထားသည့်အစာကို ဆရာ ဘုန်းကြီးတစ်ပါးက ဆေးနည်းပေး၍ စာရေးသူကိုယ်တိုင်စားဖူးပါသည်။

ပျားရည်နှင့် ပရဆေး
ပျားရည်တစ်မျိုးတည်းသာ စား သုံးပါက ရင်ပူစေပါသည်။ မိမိစိတ် ကြိုက် အဖော်ဆေးတစ်မယ်ဖြင့်သာ ရောစပ်သုံးခြင်းအားဖြင့် အသက်ရှည် ခြင်း၊ အဆင်းလှခြင်း၊ ခွန်အားတိုး ခြင်းကို ဖြစ်စေပါသည်။ မြန်မာ့တိုင်း ရင်းဆေးတွင် ပရဆေးတစ်မျိုးမျိုးနှင့် သာပျားရည်ကို စားသုံးလေ့ရှိကြပါ သည်။ တိုင်းရင်းဆေးဖော်စပ်ရာတွင် လည်း ပျားရည်တည်းဟူသော ဆေး တစ်မယ်က ဆေးတစ်ဖုံတွင် ပါဝင် လေ့ရှိသည်ကို တွေ့ရသည်။ ပျားရည် တွင် ခန္ဓာကိုယ်အတွက် အလွန်တန် ဖိုးရှိသည့် အာဟာရဓာတ်များ များစွာ ပါဝင်သည်မှာ အထူးပြောစရာမလို တော့ပါ၊ အသင့်အတင့် စားသုံးခြင်း အားဖြင့် ဘေးထွက်ဆိုးကျိုးများ မဖြစ်စေနိုင်။ ထို့ကြောင့်ပင် ကမ္ဘာနှင့် အဝန်း ပျားရည်သည် ဈေးကွက်ဝင် နေခြင်းဖြစ်သည်သာ။
စာရေးသူတို့ အညာမြေလတ် တစ်ကြောတွင် ရွာဦးကျောင်းထိုင် ဆရာတော်ကြီးများ၊ ထေရ်ကြီး၊ ဝါကြီး ဆရာတော်ကြီးများကို ဆေး ဘက်အဖြစ် တန်ဆောင်မုန်းပျားရည် ကို ပျားရည်ဆွမ်းအဖြစ် လှူဒါန်း လေ့ရှိကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက် နေ့က စာရေးသူကိုယ်တိုင် ဧရာဝတီ မြစ်အနောက်ဘက် မင်းဘူးမြို့၊ မှန် ကင်းကျောင်းတိုက်တွင် သီတင်းသုံး နေသော သက်တော် ၉၂ နှစ်ရှိပြီ စာရေးသူ၏ငယ်ဆရာ၊ ဆရာတော် ဦးဇဝနထံသို့ ပျားရည်ဆွမ်းအဖြစ် ပျားရည်တစ်ပုလင်း သွားရောက် လှူဒါန်းခဲ့သည်။
သက်တော်ကြီးပြီ ဖြစ်သော် လည်း တရားထိုင်ခြင်း၊ ပုတီးစိပ် ခြင်းအလုပ်ဖြင့်သာ အချိန်ကုန်စေ သည်။ စာရေးသူရေးသော ဈေးကွက် ဂျာနယ်ကိုပင် မျက်မှန်မပါဘဲ၊ သတင်းဆောင်ပါးများ အစအဆုံး ဖတ်လေ့ရှိသည်။ ဆရာတော်ကိုယ် တိုင် ပျားရည်ကို အမြဲဘုဉ်းပေးလေ့ ရှိသည်ဟု သိရ၏။

ထူးဆန်းသော ပျားကြီးရည်
အောင်လံနှင့် ပြည်ကြားတွင် တွေ့ရသော ပျားများသည် ရိုးရိုးပျား နှင့် ပျားကြီးတို့ဖြစ်သည်။ ရံဖန်ရံခါ မြေအောင်းပျားအုံကြီးများကို တွေ့ရ တတ်ပေရာ ပျားအုံတစ်အုံတွေ့လိုက် ပါက ပိဿာချိန် ၁၅ ပိဿာမှ ၃ဝ ပိဿာအထိ ရတတ်သည်ဟု ဆို သည်။ ပျားဖွပ်သမားတို့ပြောပြသည် မှာ ဂမ္ဘီရဆန်သည်ဟု ပြောရလေမ လား။ ဂမ္ဘီရဆန်သော ပျားဖွပ်နည်း များလည်းရှိကြသည်။ ရှေ့ဦး အုန်း၊ ငှက်ပျောတို့ဖြင့် ပွဲတင်ကြကာ ဖယောင်းတိုင်၊ အမွှေးတိုင် ထွန်းညှိ ခြင်း၊ ဆန်ပန်းပက်ခြင်း၊ ဂါထာမန္တာန် စုတ်ခြင်းတို့ကို ပြုလုပ်ပြီး ရက်မြတ် ရက်ကောင်းရွေးကြကာ စစ်ကြေညာ ပြီး ပျားဖွပ်သည့်နည်းလည်းရှိသည်။ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန် ဘယ်နာရီမှာ ငါတို့သည် သင်တို့ထံ စစ်ချီတက်လာကြမည်။ အသင်တို့မှာ ရှိသော စစ်အင်္ဂါအပြည့်အစုံနှင့်တကွ သင်တို့၏ အာဏာစက်တည်ရာ အနီးအနားတစ်ဝိုက်ပါမကျန် ခုခံ တိုက်ခိုက်ရန် အသင့်ပြင်ထားကြ လော့ဟု ကြေညာပြီး သတ်မှတ်ထား သော ပျားအုံကို စစ်ကြေညာသည့် ရက် လပြည့်နေ့ညတို့တွင် ပျားဖွပ် သမားတို့က ပျားဖွပ်သွားကြသည်။

ပျားဖွပ်သမားတို့က စစ်နိုင်ပါ က ပျားရည်ကောင်းကောင်းရတတ် ပြီး ပိဿာလိုက်ချီရသည်။ ထူးဆန်း သည်မှာ ပျားအုံတွင် အမှန်တကယ် ပင် ဆင်ရုပ်၊ မြင်းရုပ်၊ ခွေးရုပ်၊ ကျားရုပ်၊ စစ်သားရုပ်များတွေ့ရသည် ဟု ဆိုသည်။ ပျားဖွပ်သမားတို့သည် စစ်ရှုံးပါက အဆိုပါပျားအုံမှ လျှာဖြင့် ယက်ရန် ပျားရည်ပင် မရဟု ပျား ဖွပ်သမားတို့က ပြောပြ၍သိရသည်။

မကွေးတိုင်း၊ အောင်လံနှင့် ပြည် ကြားတွင် စိမ်းလန်းစိုပြေသော သစ် တောများလည်း ရှိတတ်ပေရာ ပျား အောင်း(မြေအောင်းပျား)၊ သစ်ခေါင်း ပျား ပျားကြီးများကိုတွေ့ရတတ် သည်။ အဆိုပါပျားကြီးသည် ယင် ကောင်ပမာကြီးမားပြီး ထိုပျားအထိုး ခံရပါက ငှက်ဖျားဖျားသလောက်ပင် အဖျားကြီးကာ အဆိပ်ပြင်းသည်ဟု သိရ၏။ အချို၊ အခါး၊ အချဉ်၊ အဖန် ဓာတ်ပါ သီးခြားစီပါသည့် ရှမ်းပြည် နယ်ပျားရည်သည် သကာပျားသို့ချို သည်။
သင်ဓုန်းဓားထက်ထက်ပေါ်မှ ပျားရည်စက်ကို လျှက်ရသည့်ပမာ... စသည်ဖြင့် ပျားရည်မှန်လျှင်ချိုသည်။ သို့သော်လည်း အချို၊ အခါး၊ အချဉ် ဓာတ်ပါသော ပျားရည်လည်းရှိသည် ဟု သိရ၏။ ရှမ်းပြည်နယ်၊ ကလော၊ တောင်ကြီး၊ အောင်ပန်းဒေသရှိ ပျား အောင်း(မြေအောင်းပျား)များမှ ချိပ် ပြုလုပ်ရသော အုံပျားကြီးများရှိသည်။ အုံကောင်းပါက အနည်းဆုံး ငါး ပိဿာမှ ခြောက်ပိဿာ၊ ထို့ထက်မ က ဆယ်ပိဿာအထိ ပျားရည်ရနိုင် ပေသည်။ ချိပ်ရရှိသည်။ ထို့ကြောင့် ချိပ်ပျားဟုခေါ်ကြသည်။ အထက်ဖော် ပြပါ ပျားအောင်းအုံများတွင် လက် ညှိုးအရွယ်ပမာဏရှိသော ပျားရည် ထွက်ရာ ပျားလဘို့များကို သလဲသီး လို အကန့်လိုက်၊ အကန့်လိုက် တွေ့ ရပြီး ကနဦးကဖော်ပြသကဲ့သို့ပင် အချိုရည်၊ အခါးရည်၊ အချဉ်ရည်၊ အဖန်ရည်တို့ သူ့အရသာအလိုက်ပါ ရှိသော ပျားရည် များကိုတွေ့ရသည် ဟု ဝါရင့်ပျားဖွပ် သမားကြီးတို့က သူတို့၏ပျားဖွပ်လုပ်ငန်းအရ အတွေ့ အကြုံများကို ပြောပြ၍ နားထောင် ရသည်မှာ ဗဟုသုတလည်းရရှိပြီး စိတ်ဝင်စားဖွယ်ကောင်းလှပေသည်။

အလားတူပင် မိုးကုတ်မြို့တွင် တောင်ပေါ်ကျောက်တူးသွားခဲ့စဉ်က သစ်ပင်၏ အမြင့်ပေါ်တွင် လှည်းဘီး အရွယ်ရှိ ပျားအုံကြီးတစ်အုံတွေ့ခဲ့ရာ ခဲရာခဲဆစ် ပျားဖွပ်ခဲ့ရပုံ၊ ပျားရည် တစ်စဥ့်အိုးခန့် ရရှိခဲ့ပုံများလည်း ဝေ ဝေဆာဆာပြောပြသည်ကိုလည်း မှတ် သားရသည်။

ပျားရည်စစ် မစစ်
စာရေးသူသည် ပျားဖွပ်သမား များနှင့်တွေ့ရာတွင် ပျားရည် အကြောင်း ပျားဖွပ်လုပ်ငန်း အကြောင်း အမှတ်တရများ မေး မြန်းလေ့ရှိသည်။ ကြိုးကြာကန်ရွာမှ ဦးသောင်းလှိုင်နှင့် ကြာကန်ရွာမှ ပျား ဖွပ်သမားများအား မေးမြန်းပြီး အင် တာဗျူးလုပ်ခဲ့ရပါသည်။ ကိုမောင် ဇော်ဆိုသူ ပျားဖွပ်သမားတစ်ဦးအား ပျားရည်စစ်မစစ် ဘယ်လိုသိရမလဲ ဟုမေးရာ ''လွယ်ပါတယ်ဗျာ၊ ကိုယ် တိုင်ပျားဖွပ်ကြည့်ပါ''တဲ့။ သူ့အဖြေ က ရယ်စရာပင်။ ဦးသောင်းလှိုင် အပြောအရကတော့ ပျားရည် စစ် မစစ်ကို ဆော်ဒါနဲ့ ပျားရည်နဲ့ စမ်း သပ်လို့ရတယ်။ ပျားရည်စစ်က စေး ခဲ၊ ထွေးလုံး။ မစစ်ပါက အရည်ပျော် သည်ဟုသိရသည်။

နှစ်ချို့သည်မရှိ။ ။ ပျားရည်စစ်စစ် ပုလင်းကို နေပူထဲထားပါက ကြာ သော်ပုလင်းကွဲသွားတတ်ပါသည်။ ပုလင်းထဲကြာရှည်ထည့်ပြီး နေပူ မလှန်းသင့်ဟုဆိုသည်။ ပျားရည်စစ် စစ်ကို ရေသာမပါပါစေနှင့်။ နှစ်နှစ်၊ သုံးနှစ်ထားရသည်။ သဘာဝပျားရည် အစစ်သည် အနံ့မွှေးပြီး အရသာချို ပါသည်။ ပျားရည်စစ်စစ် ဈေးကွက် သည် တစ်နှစ်ထက်တစ်နှစ်မတူ ဈေး မြင့်လျက်ရှိသည်။ စားသုံးသူများပြား လာသောကြောင့် ဖြစ်သလို ရှား ပါးသောကြောင့်လည်းဖြစ်သည်။ ပျား ရည်စစ်စစ်မှာ အရသာပျောက်သည် မရှိပါ။ မှိုတက်သည်လည်း မရှိပါဟု သိရသည်။

ပျားရည်နှင့်ပတ်သက်၍ ပြော မကုန်။ ရေးမကုန်နိုင်တော့ပါ။ မိမိ တို့ဒေသ အတွေ့အကြုံများရှိကြပါ လိမ့်မည်။ နိုင်ငံတကာ ဈေးကွက်တွင် ပျားရည်သည် အရည်အသွေးမီ သောကြောင့် မျက်နှာပန်းပွင့်နေ ကြောင်း ဈေးကွက် ဒေါ်ခင်မျိုးသွယ် ၏သတင်း အရလည်းသိရသည်။ ပြည် တွင်းမှာလည်း အသုံးများနေသည်။ ပျားရည်ထွက်ကုန်ရရှိစေရန်မှာ တစ်ခု တည်းသော နည်းလမ်း သာရှိသည်။ ပျားများနေထိုင်ရန် လေ၊ ရေ၊ ရာသီ ဥတု၊ သစ်တောသစ်ပင် တို့သာဖြစ် သည်။ စာရေးသူတို့ မြန်မာနိုင်ငံတွင် လေကောင်းလေသန့်၊ ရေကောင်း ရေသန့်ရှိသည်။ သစ်တော၊ သစ်ပင် များရှိဖို့သာလိုသည်။ မြောင်းပိတ်၊ ချောင်းပိတ်၊ ချောင်းရေ၊ တောင်ကျ ရေ၊ စိမ့်ရေ၊ စမ်းရေ၊ ကန်ရေတို့ရှိရန် သစ်တောသစ်ပင်များလိုအပ်သည် မဟုတ်ပါလား။ သစ်တောသစ်ပင် များ ပြုစုထိန်းသိမ်း ထပ်မံတိုးချဲ့ စိုက်ပျိုးခြင်းအားဖြင့် ပျားတို့ကမ္ဘာ တွင် နေစရာ ထိုင်စရာရပေပြီ။ စာရေး သူ၏ဤဆောင်းပါးကို နိဂုံးချုပ်လို ရင်းကိုတင်ပြရသော် ဈေးကွက်တွင် ဆက်လက်ခိုင်မာနေသော မြန်မာ့ပျား ရည်ဈေးကွက်အတွက်လည်းကောင်း၊ ပြည်တွင်းစားသုံးမှုအတွက်လည်း ကောင်း၊ ပျားရည်စားသုံးမှုကို တောင်း ဆိုနေပြီဖြစ်ပေရာ လိုအပ်ချက်ဖြည့် ဆည်းပေးနိုင်ရန် သစ်တောသစ်ပင် စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုစု ခြင်း၊ သစ်တောဧရိယာများ ဆက် လက်ရှင်သန်ရေးအတွက် ဆောင်ရွက် သင့်၏။ ပျားနှင့် သစ်တောသစ်ပင်၊ သစ်တောသစ်ပင်နှင့် ပျားသည် အမြဲ ဒွန်တွဲနေပေရာ သစ်တောသစ်ပင် စိမ့်ရေ၊ စမ်းရေ၊ ကန်ရေများ ဆက် လက်ထိန်းသိမ်း ပြုစုစောင့်ရှောက်ရန် သတိတရားရှေ့ထား ပညာနှင့်ကပ် မနားမနေ လုပ်ဆောင်ကြရန် တိုက် တွန်းလိုက်ရပေသတည်း။

မကွေးဝင်းမောင်

Myanmar Market Journalမှ ကူးယူဖော်ပြပါသည်။